ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် အနာဂတဘယသုတ်တရားတော်ကြီးကို -
၁၃၃၃-ခုနှစ်၊ နတ်တော်လဆုတ် ၃-ရက် (၂၂) ကြိမ်မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲ၌လည်းကောင်း၊ ၁၃၃၄-ခုနှစ်၊ နတ်တော်လဆုတ် ၄-ရက် (၂၃) ကြိမ်မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲများ၌လည်းကောင်း၊ ရန်ကုန်မြို့သာသနာ့ရိပ်သာတွင် ဝါဆိုဝါကပ်မည့် သံဃာတော်များကို သြဝါဒမိန့်ကြားတော်မူရာတွင်လည်းကောင်း (ဟောကြားတော်မူသည့် နှစ်ကိုမသိပါ) အသီးသီး ဟောကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ဤတရားတော်ကို အသံဖိုင်အားဖြင့် ၃-ဖိုင် စုစည်းရရှိပါသည်။
ယခု Episode သည် ၁၃၃၄-ခုနှစ်၊ နတ်တော်လဆုတ် ၄-ရက် (၂၃) ကြိမ်မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲ၌ ဟောကြားတော်မူသည့် အနာဂတဘယသုတ်တရားတော်ကြီး ဖြစ်ပါသည်။
မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။