ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် သစ္စာလေးပါးတရားတော်ကြီးကို ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၊ ဖလ်ယဉ်ဓမ္မာရုံတော်ကြီး၌ ၁၃၂၃-ခုနှစ်၊ တော်သလင်းလဆုတ် ၈-ရက်နေ့မှစ၍ ၁၃၂၄-ခုနှစ်၊ ကဆုန်လကွယ်နေ့အထိ အခွင့်သင့်သော သီတင်းနေ့များ၌ ဟောကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က မဟာစည်ဆရာတော်ဘုရားကြီး ၁၃၂၃-ခုနှစ်၊ တော်သလင်းလဆုတ် ၈-ရက်နေ့တွင် ဟောကြားခဲ့သည့် သစ္စာလေးပါးနှင့် ဒုက္ခသစ္စာပိုင်း (အသံဖိုင်အားဖြင့် ၁-ဖိုင်) ကို အသံဖိုင်မှတ်တမ်းအဖြစ် မစုစည်းနိုင်ခဲ့ပါ။ ၁၃၂၃-ခုနှစ်၊ တော်သလင်းလကွယ်နေ့မှစ၍ ၁၃၂၄-ခုနှစ် ကဆုန်လကွယ်နေ့အထိ ဟောကြားခဲ့သည့် သစ္စာလေးပါးတရားတော်များကိုသာ အသံဖိုင်မှတ်တမ်းအဖြစ် (အသံဖိုင်အားဖြင့် ၁၅-ဖိုင်) စုစည်းရရှိခဲ့ပါသည်။
မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။